ELECTRICAL & ELECTRONIC PRODUCTS

Automatic Water-Pump Controller(AWPC)

ရေမော်တာအား အလိုအလျောက် ထိန်းချုပ်မောင်းနှင်ခြင်းစနစ်

ကျွန်တော်တို့ Engineering Group မှ လူကြီးမင်းတို့၏ လူအင်အား ၊ငွေအင်အား၊ လျှပ်စစ် ဓာတ်အားခနှင့် အချိန်တို့ကိုသက်သာနိုင်စေ ရန်ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင် ခြင်းစနစ်ကို တီထွင်ထုတ်လုပ်လိုက်ပါသည်။ ကျွန်တော်တို့ စနစ်ကိုအသုံးပြုခြင်း ဖြင့် ရေမော်တာစက်အား လူကိုယ်တိုင်မောင်းနှင်ရန် မလိုအပ်ခြင်း ၊ ရေလာ/မလာ နှင့် ရေပြည့်/ မပြည့်ကိုစောင့်ကြည့်ရန် မလိုအပ်ခြင်း ၊ မော်တာမောင်းနှင်စဉ် ရေပိုက်ခေါင်းအထွက် မှရေကျဆင်းခြင်း မရှိလျှင်မော်တာမီးသီးသည် (မှိတ်တုတ်မှိတ်တုတ်) ဖြင့်အချက်ပြခြင်း ၊ ရေတိုင်ကီအတွင်းတွင် အစဉ်အမြဲ ရေပြတ်လပ််မှုမရှိခြင်း ၊ရေမလာ၍သော်လည်းကောင်း၊ မီးအားအတက်အကျဖြစ် ခြင်းကြောင့်သော်လည်းကောင်း ၊ မော်တာလောင်ကျွမ်းမှုမှ ကင်းဝေးစေခြင်း၊ မီးပျက်သည့်အခါအိပ်ရေးပျက်ခံပြီးမီးလာသည် အထိစောင့်ဆိုင်း ၍ ရေတင်ရန်မလိုအပ်ခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။

    ဤစနစ်တွင်-
  • (၁)လျှပ်စစ်ဓာတ်အား 160V အောက်ရောက်ရှိချိန်နှင့် 240V အထက်ရောက်ရှိနေချိန်တို့တွင်မော်တာအားအလိုအလျောက် ရပ်တန့်စေခြင်း။
  • (၂)ရေစုပ်ယူရမည့်အောက်ကန်ထဲတွင်ရေမရှိလျှင် မော်တာ အားမောင်းနှင်ခွင့််မပြုခြင်း။
  • (၃)ရေမော်တာချို့ယွင်း၍သော်လည်းကောင်း၊စည်ပင်ပိုက်ရေလိုင်းတွင်ရေမရှိ၍ သော်လည်းကောင်း ၊ရေပိုက်ခေါင်းအထွက် မှရေကျဆင်းခြင်းမရှိပါက(၃)မိနစ်စောင့်ဆိုင်းပြီး မော်တာအား အလိုအလျောက်ရပ်တန့်စေခြင်၊ ရေမလာမခြင်း နာရီဝက် (၁) ကြိမ်ကျ မော်တာအားမောင်းနှင်စေခြင်း။
  • (၄)အိမ်ပေါ်ရေကန်အတွင်းမှရေသည် ရေလျှံမှတ် အရောက်တွင် မော်တာအား အလိုအလျောက် ရပ်တန့်စေခြင်းနှင့် သတ်မှတ်ထားသည့် ရေတင်မှတ်အောက်အရောက်တွင်မော်တာအား အလိုအလျောက်မောင်းနှင်စေခြင်း။

အထက်ပါအချက်အလက်များကို ခေတ်မီ Electronic Sensor များကိအသုုံးပြု၍ အချက်ပြမီးအမျိုုးမျိုးဖြင့် လည်းကောင်း၊နောက်ဆုံးပေါ် PIC I.C ကိုအသုံးပြု၍ Computer ဖြင့် Program ရေးသွင်းထားသောကြောင့်လူကြီးမင်းတို့ ယုံကြည်စိတ်ချစွာဖြင့်အလွယ်တကူ အသုံးပြုနိုင်ရန် တီထွင်ထုတ်လုပ်ထားပါသည်။

Three Phase Automatic Water-Pump Controller With Star-Delta Control

ရေမော်တာအား Star-Delta Control ဖြင့်အလိုအလျောက် ထိန်းချုပ်မောင်းနှင်ခြင်း

    အကယ်၍ လူကြီးမင်းတို့၏ ရေမော်တာသည် Three Phase Mortor ဖြစ်ပါက AWPC လုပ်ဆောင်ချက်များအပြင်
  • - မီးလိုင်းတစ်လိုင်းနှင့်တစ်လိုင်း၏ဗို့အားသည် 340V အောက်နှင့် 420V အထက်ရောက်နေလျှင်သော်လည်းကောင်း၊ မီးလိုင်းသုံးလိုင်းသည် အစီအစဉ်တကျ (Phase Sequence) မရှိလျှင်သော်လည်းကောင်း၊ ကြိမ်နှုန်း(Frequency) သည် 45 Hz မှ 55 Hz အကြားတွင်မရှိလျှင်သော်လည်းကောင်း မော်တာအားမောင်းနှင်ခွင့်မပြုခြင်း။
  • - မော်တာအားမောင်းနှင်နေစဉ် သတ်မှတ်ဝန်ပို (over Load) ဖြစ်ခဲ့ပါက Protector ဖြင့် ရပ်တန့်စေခြင်း။
  • - မော်တာအားမောင်းနှင်နေစဉ်မီးလိုင်း(၃)ခုအနက်(၁)ခု ပျက်ခဲ့ပါက မော်တာအား အလိုအလျောက် ရပ်တန့်စေခြင်း၊
  • - မော်တာစတင်လည်ပတ်ရာတွင် Star Connection နှင့်မောင်းနှင်ပြီး (၅) စက္ကန့်အကြာတွင် Data Connection ကိုပြောင်းလဲ၍ လည်ပတ်စေခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်အားခကိုလည်းသက်သာစေမည့်အပြင် မော်တာကိုလည်း ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ တီထွင်ပြုလုပ်ထားပါသည်။

Automatic Compressor Controller

Compressor အားအလိုအလျောက် ထိန်းချုပ်မောင်းနှင်ခြင်းစနစ်

အကယ်၍ လူကြီးမင်းတို့၏ ရေမော်တာသည် အဝီစိတွင်းမှစုပ်ယူရသော Compressor ဖြစ်ပါက AWPC ၏လုပ်ဆောင်ချက်များအားလုံးပါဝင်သည့် အပြင်လေဘားနှင့် Compressor ကိုအလိုအလျောက်ထိန်းချုပ်ပေးသည့်စနစ်ဖြစ်ပါသည်။

Our Service

Our System

  • AUTOMATIC WATER PUMP CONTROLLER
  • AUTOMATIC TRANSFER SYSTEM
  • ENGINE CONTROL SYSTEM
  • INDUSTRIAL ELECTRONIC CONTROL
  • THREE PHASE SAFEGURAD
  • CUSTOMIZED ORDER & OTHERS

Contact Address

Contact Us