ELECTRICAL & ELECTRONIC PRODUCTS

Auto Service အဖွဲ့သို့ခေါ်ဆိုခြင်းမပြုမီ Customer မှ စစ်ဆေးကြည့်ရှု၍ လုပ်ဆောင်ပေးရမည့်အချက်များ

(၁) ရေမော်တာမောင်းနှင်၍ ရေတိုင်ကီထဲတွင် ရေပြည့်သော်လည်း ရေမော်တာမရပ်ဘဲ ရေလျှံကျနေပါက (က)Controller ၏ U1 နေရာတွင် တပ်ဆင်ထားသော U1 (အစိမ်းရောင်ကြိုး) ပြုတ် / မပြုတ်ကို စစ်ဆေးပါ။ ပြုတ်နေလျှင် ပြန်၍တပ်ဆင် ပေးပါ။ (ခ) ရေတိုင်ကီတွင် ချထားသော U1 Sensor ပြတ်တောက်ခြင်း (သို့) ကြေးညှိများတက်/မတက်ကို စစ်ဆေးပါ။ ပြတ်တောက်နေလျှင် ပြန်၍ဆက်သွယ်ပေးပါ။ ကြေးညှိတက်လျှင် Brush (သို့) လက်ဖြင့်ပွတ်တိုက်ဆေးကြောပါ။

(၂)ရေတိုင်ကီတွင် ရေပြည့်နေသော်လည်း ရေမော်တာကိုမောင်းနှင်ခြင်း၊ ပြန်လည်ရပ်တန့်ခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်နေ ပါက (က) Controller ၏ U2 နေရာတွင် တပ်ဆင်ထားသော U2 (အဝါရောင်ကြိုး) ပြုတ်/မပြုတ်ကိုစစ်ဆေးပါ။ ပြုတ်နေ လျှင် ပြန်၍တပ်ဆင်ပေးပါ။ (ခ)Semi-Auto S/W အထဲသို့ ကျွံဝင်ခြင်း ရှိ / မရှိစစ်ဆေးပေးပါ။ ကျွံဝင်နေလျှင် လက်ဖြင့် တစ်ချက်နှိပ်ပြီး ပုံမှန်အနေအထားသို့ ပြန်လည်ပို့ဆောင်ပါ။ (ဂ) ရေတိုင်ကီတွင်ချထားသော U2 Sensorပြတ်တောက်ခြင်း (သို့) ကြေးညှိ တက်/မတက်ကို စစ်ဆေးပါ။ ပြတ်တောက်နေလျှင် ပြန်၍ဆက်သွယ်ပေးပါ။ ကြေးညှိတက်လျှင် Brush (သို့) လက်ဖြင့်ပွတ်တိုက်ဆေးကြောပါ။

(၃)ရေမော်တာမောင်းနှင်၍ ရေလာသော်လည်း Controller ၏ Mortor မီးသီးသည် (မှိတ်တုတ်မှိတ်တုတ်) အချက်ပြပြီး မော်တာအား (၃)မိနစ်သာ မောင်းနှင်ပေးပါက (က) Controller ၏ R နေရာတွင် တပ်ဆင်ထားသောR (အနီရောင်ကြိုး) ပြုတ်/မပြုတ်ကို စစ်ဆေးပေးပါ။ ပြုတ်နေလျှင် ပြန်၍တပ်ဆင်ပေးပါ။ (ခ) ရေတိုင်ကီ၏အဝင်ရေပိုက်တွင် တပ်ဆင်ထားသော R Sensor (အနီရောင်ကြိုး) ပြတ်တောက်ခြင်း (သို့)ကြေးညှိတက်/မတက်ကိုစစ်ဆေးပါ။ ပြတ်တောက်နေလျှင်ပြန်၍ ဆက်သွယ်ပေးပါ။ ကြေးညှိတက်လျှင် Brush (သို့) လက်ဖြင့်ပွတ်တိုက်ဆေးကြောပါ။

(၄)အောက်ရေကန်မှတဆင့် အပေါ်ရေတိုင်ကီသို့ ရေစုပ်တင်ရာ၌ အောက်ရေကန်ထဲတွင် ရေရှိသော်လည်း Lower Tank မီးသီး မလင်းဘဲ ရေမော်တာ မောင်းတင်ခြင်းမရှိပါက (က) အောက်ရေကန်ထဲတွင်ချထားသော L-sensor ပြတ်တောက် ခြင်း (သို့) ကြေးညှိများတက်/မတက်စစ်ဆေးပါ။ ပြတ်တောက် နေလျှင် ပြန်၍ဆက်သွယ်ပေးပါ။ ကြေးညှိတက်လျှင် Brush (သို့) လက်ဖြင့်ပွတ်တိုက်ဆေးကြောပါ။

(၅)U1 ,U2 နှင့် G Sensor ကြိုးများ ရေတိုင်ကီအတွင်းမှ အပြင်သို့ထွက်နေခြင်း (သို့) ပြတ်တောက်ခြင်းများဖြစ်နေလျှင်လည်း AWPC ပုံမှန် အလုပ် လုပ်ဆောင်နိုင်ခြင်းမရှိပါ။

(၆)Sensor များအား အနည်းဆုံး (တစ်နှစ်လျှင်တစ်ကြိမ်) ကြေးညှိများအား Brush ဖြင့် ဆေးကြောသင့်သည်။

(၇)Mortor Breaker နှင့် Controller ၏ Power S/W နှစ်ခုစလုံးကို ON ထားသော်လည်း AWPC ၏ မီးများ အားလုံး မလင်းပါက (က)Breaker ကို Off တွင်ထား၍ Controller ၏ Fuse အိမ်ကို မြားပြထားသည့်အတိုင်း လှည့်၍ ဖြုတ်ပါ။ မူလတပ်ဆင်ထားသော Fuse ဖန်ချောင်းကိုယ်ထည်ပါ Ampere နှင့် တူညီသော Fuse ကိုသာ လဲလှယ်တပ်ဆင်ပါ။ ထို့နောက် Breaker ကို On တွင် ပြန်ထားပေးပါ။

(၈)မော်တာပါဝါကိုလိုက်၍ Fuse Data ပါ Fuse ဆံကိုသာ သုံးသင့်သည်။ Mortor Power ထက်ပိုသော Fuse ဆံကို တပ်ဆင်မိပါက Mortor ချို့ယွင်းလျှင် Fuse ဆံကလျှင်မြန်စွာ မဖြတ်တောက်နိုင်၍ Mortor လောင်ကျွမ်းခြင်း ဖြစ်နိုင် သည်။ မော်တာ၏ပါဝါကိုလိုက်၍ Fuse ဆံ ထည့်ထားသော်လည်း Fuse သည် Mortor စမောင်းမောင်းခြင်း (၃)ခါ ဆက်တိုက် ပြတ်တောက်ခဲ့လျှင် Mortor အား Mortor ဆရာနှင့် အမြန်ဆုံးပြသရပါမည်။ Mortor ဆရာက Mortor တွင်အပြစ်မရှိဟု ပြောမှသာ လက်ရှိသုံးသော Fuse ထက် (5)Aပိုသော Fuse ဆံကိုထည့်ပြီးသုံးစွဲပါ။

(၉)Controller အား Auto Service Center ၏ တာဝန်ရှိသူမှအပ မည်သူမျှဖွင့်ကြည့်ခြင်းမပြုလုပ်ရန် နှင့် ဖွင့်ကြည့်လျှင် Warranty ပျက်ပြယ်မည်ဖြစ်ပါသည်။

(၁၀)Controller ပုံမှန် အလုပ်မလုပ်ဆောင်ပါက အထက်ပါအချက်များကို အရင်ဆုံးစစ်ဆေးပြီးမှသာ Auto သို့ဆက်သွယ် ပါ။

(၁၁)Auto အဖွဲ့မှ လာရောက်ပြင်ဆင်ပေး၍ အထက်ပါအချက်များကြောင့် ဖြစ်ပွားသည်ကိုတွေ့ရှိပါက သတ်မှတ် ထားသော Service Charges ကို ပေးဆောင်ရပါမည်။

(၁၂)Power Shock နှင့် Mortor Shock ကြောင့်လည်းကောင်း၊ ရန်သူမျိုးငါးပါးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လည်းကောင်း ပျက်စီးမှုများဖြစ်ပွားပါက Service Charges ယူ၍ ဖြေရှင်းပေးမည်ဖြစ်ပါသည်။ထိုသို့ဖြေရှင်းပေးရာတွင် "Auto" အဖွဲ့ မှ အစဉ်လိုက် ဦးစားပေးစနစ်ဖြင့် အမြန်ဆုံးလာရောက် ပြုပြင်ပေးမည်ဖြစ်ပါသည်။

Our Service

Our System

  • AUTOMATIC WATER PUMP CONTROLLER
  • AUTOMATIC TRANSFER SYSTEM
  • ENGINE CONTROL SYSTEM
  • INDUSTRIAL ELECTRONIC CONTROL
  • THREE PHASE SAFEGURAD
  • CUSTOMIZED ORDER & OTHERS

Contact Address

Contact Us