ELECTRICAL & ELECTRONIC PRODUCTS

ရေမော်တာအလိုအလျှောက်ထိန်းချုပ်မောင်းနှင်စက်၏ အချက်ပြစနစ်

Sound System
Beef (၃)ကြိမ် = တီ-တီ-တီ (မော်တာမောင်းနှင်လျှင် အချက်ပေးသည့်အသံ။)
Beef (၇)ကြိမ် = တီ-တီ-တီ-တီ-တီ-တီ-တီ (မီးအား (၁၆၀) ဗို့အောက်နှင့် (၂၄၀)ဗို့ အထက်ရောက်ရှိသော အချိန်တွင် မြည်သည့်အသံ။)
Intruder Alarm = အသံရှည်ဆွဲ၍ မြည်ခြင်း (ရေပိုက်ခေါင်းထိပ်မှ ကန်ထဲသို့ ရေကျဆင်းခြင်း မရှိလျှင်သော်လည်းကောင်း Ground Tank အတွင်း ရေမရှိလျှင်သော် လည်းကောင်း မြည်သည့်အသံ။
Sound = သံစဉ်အသံ (ရေပြည့်သောအခါ မြည်သည့်အသံ။)
Indicator System
Motor မီးသီး = ရေမော်တာမောင်းနှင်သောအခါတွင် အချက်ပြသည့်မီးသီး။ ရေပိုက်ခေါင်းအထွက်မှ ရေကျဆင်းခြင်းမရှိလျှင် မီးသီးသည် မှိတ်တုတ်၊ မှိတ်တုတ်ဖြင့် အချက်ပြမည်။
Lower Tank မီးသီး = အောက်ရေကန်ထဲတွင် ရေရှိကြောင်း ဖေါ်ပြမည့်မီးသီး။
Over (or) Under မီးသီး = မီးအား (၂၄၀) ဗို့အထက်နှင့် (၁၆၀) ဗို့ အောက်သို့ရောက်ရှိနေ ချိန်တွင် အချက်ပြမည့် မီးသီး။
Upper Tank ရှိအချက်ပြစနစ်များ
U1 sensor(သို့) အဖြူရောင်မီးသီး = ရေကန်၏ ရေလျှံမှတ်/ရေပြည့်မှတ်အထိရေရှိကြောင်းကို(မှိတ်တုတ်) ဖြင့်လင်း၍ ဖြင့်ဖော်ပြခြင်း။
U2 sensor (သို့) အပြာရောင်မီးသီး = ၎င်းမီးသီးသည် (မှိတ်တုတ်) လင်းနေခြင်းဖြင့် အပေါ်ရေကန်၏ (၄ပုံ၃ပုံ) အထိ ရေရှိကြောင်းကို ဖော်ပြခြင်း၊ ယင်းမီးသီး(လုံးဝ)မှိတ်သွား ပါက မော်တာအား စတင် မောင်းနှ မည်။
U3 sensor (သို့)အဝါရောင်မီးသီး = ၎င်းမီးသီးသည် (မှိတ်တုတ်) လင်းနေခြင်းဖြင့် အပေါ်ရေကန်၏ (၄ပုံ၂ပုံ) အထိ ရေရှိကြောင်းကို ဖော်ပြခြင်း။
U4 sensor (သို့) အနီရောင်မီးသီး = ၎င်းမီးသီး တစ်လုံးတည်းသာ လင်းနေပါက အပေါ်ရေကန်၏ (၄ပုံ၁ပုံ)သာ ရေရှိကြောင်းကို ဖော်ပြခြင်း။
30 Minutes Delay Time (OR) Error ဖြစ်နေပါက ပြသမည့်မီးသီးအခြေအနေ
Auto စနစ်ဖြင့် မော်တာမောင်းနှင်နေစဉ် မီးအားအတက်/အကျ ဖြစ်လျှင်သော်လည်းကောင်း၊ အပေါ်ရေကန်၏ ရေပိုက်ေ ခါင်းမှ (၃)မိနစ် ကြာသည်အထိ ရေကျဆင်းခြင်းမရှိလျှင်သော်လည်းကောင်း၊ အောက်ရေ ကန်ထဲတွင် ရေမရှိလျှင်သော် လည်းကောင်း၊ Intruder Alarm အသံဖြင့်အချက်ပေးမည်။ ထိုအချိန်တွင် အပေါ်ရေကန်၏ အမြင့်ဆုံးရေ level ကိုပြသော မီးသီးတစ်လုံးတည်းသာ လင်း၍ဖော်ပြခြင်း ဖြင့် 30 Minutes Delay Time / Error တစ်ခုခု ဖြစ်နေကြောင်းကို သိရှိနိုင် သည်။
Semi - Auto (Push button) = အပေါ်ရေကန်ထဲတွင် သတ်မှတ်ထားသော U2 sensor အမှတ်အောက်ရောက်မှ မော်တာအားအလိုအလျှောက် မောင်းနှင်သည့်အချိန်ကို မစောင့်ချင်လျှင် Push button ကို (1) sec မျှ နှိပ်၍ ပြန်လွှတ်လိုက်ပါက မော်တာအားမောင်းနှင်ပြီး ရေပြည့်သော အချိန်တွင် အလိုအလျှောက် ရပ်တန့်ပေးမည်။
Auto/Manual (Slide Switch) = Auto စနစ်ဖြင့် မောင်းနှင်လိုလျှင် Auto ဘက်၌သာ ထားရမည်။Manual ဖြင့် မောင်းနှင်လိုလျှင် Manual ဘက်သို့ရွှေ့၍ မောင်းနှင်နိုင်သည်။
Manual စနစ်ဖြင့် မောင်းနှင်နေစဉ်သတိပြုရန်
(Ground Tank တွင် ရေမရှိလျှင်ဖြစ်စေ၊ Over head Tank ထဲသို့ ရေကျဆင်းခြင်း မရှိလျှင် ဖြစ်စေ၊ အပေါ်ကန်ထဲတွင် ရေပြည့်၍ရေလျှံကျလျှင်ဖြစ်စေ၊ မီးအားအတက်/ အကျဖြစ်ခြင်းကြောင့်ဖြစ်စေ) မည်သည့်အကြောင်းကြောင့်မျှ မော်တာအား ရပ်တန့်ပေးမည်မဟုတ်ချေ။ Manual မောင်းနှင်ကြောင်းကို 8 secs လျင် တစ်ကြိမ်ကျBeep သံတစ်ချက်စီပေး၍ အချက်ပေးနေမည်။
သတိပြုရန်
၁။ Power S/W မီးမလင်းသောအခါ Fuse ကို စစ်ဆေးကြည့်ပါ။ Fuse ပြတ်သွားလျှင် မော်တာ၏ Power ကိုလိုက်၍ Fuse Data မှ Fuse Ampere အတိုင်း လဲလှယ်၍ ထည့်ပေးပါ။ ထိုသို့ (၃)ကြိမ်ဆက်တိုက Fuse ပျက်နေပါက မော်တာအား ကျွမ်းကျင်သူဖြင့် စစ်ဆေးကြည့်ပါ။
၂။ Controller ၏ အပြင်ဘက်ရှိ Sensor ကြိုးများ ပြတ်တောက်နေလျှင်လည်း ရေမော်တာအား ထိန်းချုပ်မောင်းနှင် နိုင်မည်မဟုတ်ချေ။
၃။ မော်တာအား Manual (Only)မောင်းနှင်လိုသောအခါ Controller Box ၏ Terminal Block တွင် Motor(L) ကြိုး (နံပါတ်-၄)ကိုဖြုတ်၍ A.C(L) ကြိုး (နံပါတ်-၂)ဘက်တွင်ပူး၍ Nut ကြပ်ပြီး Controller Box ၏ Power S/W ကို ပိတ်၍ မောင်းနှင်စေလိုပါသည်။

Three Phase Automatic Water Pump Controller သုံးစွဲမှု လမ်းညွှန်

Manual (အပြာရောင်မီးသီး) - Selector Switch ကို Manual တွင်ထားရှိမှသာ မီးလင်းပါမည်။
Out of Phase (Over / Under Volt)(အနီရောင်မီးသီး) - လျှပ်စစ်မီးလိုင်း (၃) လိုင်း အနက်မှ တစ်လိုင်း ပြတ်တောက်နေခြင်း (သို့) မီးလိုင်း တစ်လိုင်းနှင့် တစ်လိုင်းသည် ၄၂၀ Volt အထက်ရောက်ရှိနေခြင်း (သို့) ၃၄၀ Volt အောက်ရောက်ရှိနေခြင်း (သို့) လျှပ်စစ်မီးလိုင်း (၃)လိုင်းမှ အစဉ်လိုက် မဖြစ်ခြင်းကြောင့် လည်းကောင်း မီးလင်းပါမည်။
     ထိုအခါ Panel Box အတွင်းရှိ Phase ဗူးတွင် LED မီးသီး (၃)လုံးမှ တစ်လုံး လင်းနေပါမည်။ Over Voltage နှင့် Under Voltage မီးလင်းနေခြင်းမှာ သာမန်မျှသာ ဖြစ်ပြီး Phase Failure မီးသီးလင်းနေပါက လျှပ်စစ်မီးလိုင်း (၃) လိုင်းအနက်မှ တစ်လိုင်း ပြတ်တောက် နေခြင်း ဖြစ်နိုင်ပါသည်။ မီးလိုင်း မပြတ်ပါက မီးလိုင်း (၃)လိုင်း အစဉ်လိုက် မရှိခြင်းကြောင့် ဖြစ်ပါသည်။ ထိုအခါ မီးလိုင်း (၂) လိုင်းကို ပြောင်းပြန်လှည့်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။
Over load (အဝါရောင်မီးသီး) - မော်တာဘောကွဲနေခြင်းကြောင့်လည်းကောင်း၊ မနိုင်ဝန်ထမ်းရ၍သော်လည်းကောင်း မီးလင်းပါမည်။
     ထိုအခါ Panel Box အတွင်းရှိ Overload မှ Reset button(---------------) ကို နှိပ်ပေးရပါမည်။ ထို့နောက် မော်တာကို မောင်းနှင်စေ၍ Motor အသံ မမှန်ပါက ကျွမ်းကျင်သူနှင့် ပြသ၍ စစ်ဆေးသင့်ပါသည်။
Motor (အစိမ်းရောင်မီးသီး) - Selector Switch ကို Auto (သို့) Manual တွင် ထား၍ Motor မောင်းနှင်နေစဉ် မီးလင်းပါမည်။
Motor ကို Semi-Auto စနစ်ဖြင့် မောင်းနှင်ခြင်း။
ရေကန်ထဲရှိ ရေမောင်းနှင်သော Level အောက် မရောက်သေးခင် (အပြာရောင် LED မီးသီးလင်း နေစဉ်) ရေမော်တာအား မောင်းနှင်လိုလျှင်
(၁) Selector Switch ကို Auto တွင်ထားပါ။
(၂) Start button (အစိမ်းရောင်) ကို ၃-စက္ကန့်မျှ နှိပ်ထားပြီး ပြန်လွှတ်လိုက်ပါ။
ထိုအခါ Motor ကိုမောင်းနှင်ပေးပြီး ရေပြည့်သည့် အချိန်တွင် Motor ကို အလိုအလျောက် ရပ်တန့် ပေးပါမည်။
Motor ကို Manual စနစ်ဖြင့် မောင်းနှင်ခြင်း။
(၁) Selector Switch ကို Manual တွင်ထားပါ။
(၂) Start button (အစိမ်းရောင်) ကိုနှိပ်၍ Motor ကိုမောင်းပါ။
(၃) Stop button (အနီရောင်) ကိုနှိပ်၍ Motor ကိုပိတ်ပါ။